လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

မီတာ/ပါဝါမီတာ/ထရန်စဖေါ်မာ အသုံးပြုခွင့် လျှောက်ထားခြင်း

  • မီတာ/ပါဝါမီတာ/ထရန်စဖေါ်မာ လျှောက်ထားရာတွင် လျှောက်ထားသူ၏ ကိုယ်ရေးအချက်အလက်များနှင့် ပူးတွဲပါစာရွက်စာတမ်းများကို တိကျမှန်ကန်စွာ ဖြည့်သွင်းပေးရမည်။

  • မီတာ/ပါဝါမီတာ/ထရန်စဖေါ်မာ လျှောက်ထားရာတွင် ဌာနမှ ပူးတွဲတင်ပြရန် သက်မှတ်ထားသော စာရွက်စာတမ်းများအား ထင်ရှားပြတ်သားစွာ ဓါတ်ပုံရိုက်ယူ၍သော်လည်ကောင်း၊ Scan ဖတ်၍သော်လည်ကောင်း ပူးတွဲတင်ပြပေးရမည်။

  • ပူးတွဲပါစာရွက်စာတမ်းများ မပြည့်စုံခြင်း၊ ထင်ရှားမှု၊ ပြတ်သားမှုမရှိပါက လျှောက်လွှာအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။

  • တရားဝင်နေထိုင်ကြောင်းထောက်ခံစာနှင့် ကျူးကျော်မဟုတ်ကြောင်းထောက်ခံစာများသည် (၁ လ) အတွင်းရယူထားသော ထောက်ခံစာများဖြစ်ရမည်။

  • ပူးတွဲပါစာရွက်စာတမ်းများအား အတုပြုလုပ်ခြင်း၊ ပြင်ဆင်ခြင်းများ တွေ့ရှိပါက တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူခြင်းခံရမည် ဖြစ်ပါသည်။